ဘုန်းကြီးကို အချဉ်မမှတ်နဲ့ (ဟာသပုံပြင်)

ဘုန်းကြီးကို အချဉ်မမှတ်နဲ့



ဆရာတော် ဦးသောဘိတသည် တရားနာသူတိုင်းကို တရားဟောရင် ယသော်ဓရာချွတ်ခန်းပဲဟောပါတယ်။ 

ဘာကြောင့်ဆိုတော့ သူ့ရွာသူ ရွာသားတွေက သူ့ကို ဆွမ်းကပ်ရင် ဘဲဥပြုတ်နဲ့ပဲ ကပ်ကြလို့တဲ့။ 

၃ နှစ်လောက်ကြာတဲ့အထိ အဲ့သလိုနေခဲ့ကြတာ ကြာလာတော့ ဒါယကာဖြစ်သူ မောင်ကျော်ကြီးက တောင်းဆိုပါတယ်။

သူ့ မင်္ဂလာပွဲမှာ ဦးဇင်းကို ပင့်ဖိတ်မှာလေ။ 

"ဦးဇင်းဘုရာ့
တရားလေး ဘာလေး 
ပြောင်းဟောပါဦးဘုရာ့
အမြဲတန်း ယသော်ဓရာချည်းပဲ ချွတ်နေတယ်"

"အိမ်းလကွာ
မင်းတို့ကလည်း ငါ့ကို ဆွမ်းဟင်းတစ်မျိုးတည်းပဲ ကပ်နေတာကိုးကွ 
ဟင်းပြောင်း ကပ်ပေးရင် တရားပြောင်းဟောပေးမယ်"

" သြော်..ဒီလိုကိုး၊ စိတ္ခ်ပါဘုရာ့၊ ဆွမ်းဟင်းပြောင်းကပ်ပေးပါ့မယ် ဘုရာ့ "

ဒီလိုနဲ့ ....
နှစ်ဦးနှစ်ဘက် သဘောတူညီမှုရပြီး မင်္ဂလာပွဲနေ့ရောက်ရောက်ပေါ့။ 

ဦးဇင်းသောဘိက ဆွမ်းကို အရင်ကပ်ခိုင်းလိုက်ပါတယ်။ 
သေချာမှ တရားပြောင်းဟောမှာလေ။ သူ့ကို ပတ်လို့မရဘူး။ ဆရာတော်ဆိုတာ အချဉ်မှမဟုတ်တာ။ 

မောင်ကျော်ကြီးက 
ဘုန်းကြီးကို ဆွမ်းကပ်တော့ ဘဲဥချဉ်ရည်ဟင်းတဲ့။ ဘုန်းကြီးမျက်နှာပျက်သွားတယ်။
ဒါပေမဲ့ ကြိတ်မှိတ်ပြီး ဘုဉ်းပေးရတာပေါ့လေ။
ဆွမ်းစားပြီးလို့ တရားလည်းပေးရော ဘုန်းကြီးက စကားစလိုက်ပါတယ်။

"ကိုင်း ဒီနေ့တော့ မောင်ကျော်ကြီးရဲ့ မင်္ဂလာပွဲမှာ တရားသစ်ချီးမြှင့်ပေးပါမယ်"

"ဘာတရားသစ္ကို
ချီးမြှင့်မှာတုန်းဘုရာ့ "

"အိမ်း.....ရာဟုလာမယ်တော်ချွတ်ခန်း"

"ဟင် ဦးဇင်းကလည်း ယသော်ဓရာချွတ်ခန်းနဲ့ ရာဟုလာမယ်တော်ချွတ်ခန်း အတူတူပဲလေဘုရာ့။"

"ကုလားကြီးနဲ့ အရာကြီးလိုပဲလေဘုရာ့"

"အိမ်း မင်းပဲအပြောကောင်းတယ်။ မင်းကို ဆွမ်းဟင်းပြောင်းကပ်ခိုင်းတာကြတော့ ဘဲဥပြုတ်ကနေပြီး ဘဲဥချဉ်ရေဖြစ်သွားတယ်။ ဥချင်းတော့ တူတူပဲလေ" 

"ဟွင်း ဟွင်း ဒါမျိုးဒေလာမလုပ်နက်
ခံရပေါင်းများလိူ့ ရိုးနေဘီ" 😂😂😂

ပြုံးတော်မူနိုင်ကြပါစေ.....

မူရင်းပိုစ့်အား ဝနဝါသီ ရန်ကင်းတောင်ဆရာတော်၏ Facebook Account မွ ကူးယူဖော်ပြပါသည်။

Comments

Popular posts from this blog

ကတိတစ်ခုရဲ့တန်ဖိုး