ကတိတစ်ခုရဲ့တန်ဖိုး



ကတိတစ်ခုရဲ့တန်ဖိုး
""""""""""""""""""""
အရမ်းအေးတဲ့ ညတစ်ညမှာ ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်ကို ပြန်လာခဲ့စဉ် အဝတ်ပါးပါးလေးဝတ်ပြီး မတ်တတ်ရပ်နေတဲ့ အဖိုးအို ကင်းသမားကိုတွေ့လေသည်။

ထိုအခါဘုရင်ကြီးသည် အဖိုးအိုနားကပ်၍မေးလေသည်။
"အဘ အအေးဒဏ်မခံရဘူးလား? မအေးဘူးလား?"
အဖိုးအို ပြန်ဖြေလေသည်။
ဘုရင်ကြီး အရမ်းအေးပေမဲ့လဲ ဝတ်စရာအနွေးထည် ကျွန်ုပ်မှာမရှိပါဘူး။
ဒါကြောင့် ကျွန်ုပ်အဖို့ အအေးဒဏ်ကို ခံနေယုံမှအပ တခြားလွတ်မြောက်စရာ နည်းလမ်းမရှိပါဘုရင်ကြီး ။

ဘုရင်ကြီးက မိန့်လေသည်။
'' ကောင်းပြီ၊ ကျွန်တော်ယခုနန်းတော်ထဲသွားပြီး 
အစေခံတစ်ယောက်ကို အဘ အတွက် အနွေးထည်ပေး၍ လွတ်ပေးပါမည်"။
    
ကင်းသမားအဖိုးအိုသည် 
ဘုရင့်ကတိစကား ကြားပြီး
အတိုင်းမသိ ဝမ်းသာသွားလေသည်။
   
ဒါပေမဲ့လဲ ဘုရင်ကြီးသည် 
နန်းတွင်းသို့ရောက်ပြီးသည်နှင့် 
မိမိကတိစကားကို မေ့သွားလေးသည်။
    
မနက်လင်းသော် 
ကင်းသမားအဖိုးအိုမှာ သေဆုံးနေခဲ့ပြီး 
မိမိရဲ့အနားမှာ တုန်ရီနေသောလက်ရေးဖြင့် 
စာလေးတစ်စောင်ရေးထားခဲ့သည်။
  
စာထဲမှာရေးထားသည်မှာ...
'ကျွန်ုပ်သည် နေ့စဉ်နေ့တိုင်း
အအေးဒဏ်ခံရင်း ကျော်ဖြတ်ခဲ့ပါတယ်။
သို့သော် ဘုရင်ကြီး ကျွန်ုပ်ကို အနွေးထည်ပေးမည် ဆိုတဲ့ကတိစကားသည် 
ကျွန်ုပ်ရဲ့အအေးဒဏ်ခံနိုင်စွမ်းကို ရုတ်သိမ်း၍ 
နောက်ဆုံး ကျွန်ုပ်ကို သေစေခဲ့သည်'။
     
 #မှတ်ချက်
                
ရံဖန်ရံခါ မိမိရဲ့ ပေ့ါပျက်ပျက်ကတိစကားသည် 
မိမိထင်ထားသည်ထက်ပို၍ သူတစ်ပါးကို 
ဒုက္ခ ရောက်စေနိုင်သည်။

ဒါကြောင့် 
လွယ်လွယ်နှင့်ကတိမပေးလေနှင့်။
ပေးပြီးသားကတိ မဖျက်လေနှင့်။
သင့်ရဲ့ကတိစကားသည် မည်သို့မည်ပုံ 
ထိခိုက်နှစ်နာစေသည်ကို သင်မသိနိုင်ပါ။
အားနွဲ့သူများကို စာနာပါ။
      
Credit; Internet

Comments

Popular posts from this blog

ဘုန်းကြီးကို အချဉ်မမှတ်နဲ့ (ဟာသပုံပြင်)