ဘုန်းကြီးကို အချဉ်မမှတ်နဲ့ (ဟာသပုံပြင်)
ဘုန်းကြီးကို အချဉ်မမှတ်နဲ့ ဆရာတော် ဦးသောဘိတသည် တရားနာသူတိုင်းကို တရားဟောရင် ယသော်ဓရာချွတ်ခန်းပဲဟောပါတယ်။ ဘာကြောင့်ဆိုတော့ သူ့ရွာသူ ရွာသားတွေက သူ့ကို ဆွမ်းကပ်ရင် ဘဲဥပြုတ်နဲ့ပဲ ကပ်ကြလို့တဲ့။ ၃ နှစ်လောက်ကြာတဲ့အထိ အဲ့သလိုနေခဲ့ကြတာ ကြာလာတော့ ဒါယကာဖြစ်သူ မောင်ကျော်ကြီးက တောင်းဆိုပါတယ်။ သူ့ မင်္ဂလာပွဲမှာ ဦးဇင်းကို ပင့်ဖိတ်မှာလေ။ "ဦးဇင်းဘုရာ့ တရားလေး ဘာလေး ပြောင်းဟောပါဦးဘုရာ့ အမြဲတန်း ယသော်ဓရာချည်းပဲ ချွတ်နေတယ်" "အိမ်းလကွာ မင်းတို့ကလည်း ငါ့ကို ဆွမ်းဟင်းတစ်မျိုးတည်းပဲ ကပ်နေတာကိုးကွ ဟင်းပြောင်း ကပ်ပေးရင် တရားပြောင်းဟောပေးမယ်" " သြော်..ဒီလိုကိုး၊ စိတ္ခ်ပါဘုရာ့၊ ဆွမ်းဟင်းပြောင်းကပ်ပေးပါ့မယ် ဘုရာ့ " ဒီလိုနဲ့ .... နှစ်ဦးနှစ်ဘက် သဘောတူညီမှုရပြီး မင်္ဂလာပွဲနေ့ရောက်ရောက်ပေါ့။ ဦးဇင်းသောဘိက ဆွမ်းကို အရင်ကပ်ခိုင်းလိုက်ပါတယ်။ သေချာမှ တရားပြောင်းဟောမှာလေ။ သူ့ကို ပတ်လို့မရဘူး။ ဆရာတော်ဆိုတာ အချဉ်မှမဟုတ်တာ။ မောင်ကျော်ကြီးက ဘုန်းကြီးကို ဆွမ်းကပ်တော့ ဘဲဥချဉ်ရည်ဟင်းတဲ့။ ဘုန်းကြီးမျက်နှာပျက်သွားတယ်။ ဒါပေမဲ့ ကြိတ်မှိတ်ပြီး ဘုဉ်းပေးရတာပေါ့လေ။ ဆွမ်းစားပြီးလို့ တရားလည်းပေးရော ဘုန...