Posts

ဘုန်းကြီးကို အချဉ်မမှတ်နဲ့ (ဟာသပုံပြင်)

Image
ဘုန်းကြီးကို အချဉ်မမှတ်နဲ့ ဆရာတော် ဦးသောဘိတသည် တရားနာသူတိုင်းကို တရားဟောရင် ယသော်ဓရာချွတ်ခန်းပဲဟောပါတယ်။  ဘာကြောင့်ဆိုတော့ သူ့ရွာသူ ရွာသားတွေက သူ့ကို ဆွမ်းကပ်ရင် ဘဲဥပြုတ်နဲ့ပဲ ကပ်ကြလို့တဲ့။  ၃ နှစ်လောက်ကြာတဲ့အထိ အဲ့သလိုနေခဲ့ကြတာ ကြာလာတော့ ဒါယကာဖြစ်သူ မောင်ကျော်ကြီးက တောင်းဆိုပါတယ်။ သူ့ မင်္ဂလာပွဲမှာ ဦးဇင်းကို ပင့်ဖိတ်မှာလေ။  "ဦးဇင်းဘုရာ့ တရားလေး ဘာလေး  ပြောင်းဟောပါဦးဘုရာ့ အမြဲတန်း ယသော်ဓရာချည်းပဲ ချွတ်နေတယ်" "အိမ်းလကွာ မင်းတို့ကလည်း ငါ့ကို ဆွမ်းဟင်းတစ်မျိုးတည်းပဲ ကပ်နေတာကိုးကွ  ဟင်းပြောင်း ကပ်ပေးရင် တရားပြောင်းဟောပေးမယ်" " သြော်..ဒီလိုကိုး၊ စိတ္ခ်ပါဘုရာ့၊ ဆွမ်းဟင်းပြောင်းကပ်ပေးပါ့မယ် ဘုရာ့ " ဒီလိုနဲ့ .... နှစ်ဦးနှစ်ဘက် သဘောတူညီမှုရပြီး မင်္ဂလာပွဲနေ့ရောက်ရောက်ပေါ့။  ဦးဇင်းသောဘိက ဆွမ်းကို အရင်ကပ်ခိုင်းလိုက်ပါတယ်။  သေချာမှ တရားပြောင်းဟောမှာလေ။ သူ့ကို ပတ်လို့မရဘူး။ ဆရာတော်ဆိုတာ အချဉ်မှမဟုတ်တာ။  မောင်ကျော်ကြီးက  ဘုန်းကြီးကို ဆွမ်းကပ်တော့ ဘဲဥချဉ်ရည်ဟင်းတဲ့။ ဘုန်းကြီးမျက်နှာပျက်သွားတယ်။ ဒါပေမဲ့ ကြိတ်မှိတ်ပြီး ဘုဉ်းပေးရတာပေါ့လေ။ ဆွမ်းစားပြီးလို့ တရားလည်းပေးရော ဘုန...

ကတိတစ်ခုရဲ့တန်ဖိုး

Image
ကတိတစ်ခုရဲ့တန်ဖိုး """""""""""""""""""" အရမ်းအေးတဲ့ ညတစ်ညမှာ ဘုရင်ကြီးသည် မိမိရဲ့ နန်းတော်ကို ပြန်လာခဲ့စဉ် အဝတ်ပါးပါးလေးဝတ်ပြီး မတ်တတ်ရပ်နေတဲ့ အဖိုးအို ကင်းသမားကိုတွေ့လေသည်။ ထိုအခါဘုရင်ကြီးသည် အဖိုးအိုနားကပ်၍မေးလေသည်။ "အဘ အအေးဒဏ်မခံရဘူးလား? မအေးဘူးလား?" အဖိုးအို ပြန်ဖြေလေသည်။ ဘုရင်ကြီး အရမ်းအေးပေမဲ့လဲ ဝတ်စရာအနွေးထည် ကျွန်ုပ်မှာမရှိပါဘူး။ ဒါကြောင့် ကျွန်ုပ်အဖို့ အအေးဒဏ်ကို ခံနေယုံမှအပ တခြားလွတ်မြောက်စရာ နည်းလမ်းမရှိပါဘုရင်ကြီး ။ ဘုရင်ကြီးက မိန့်လေသည်။ '' ကောင်းပြီ၊ ကျွန်တော်ယခုနန်းတော်ထဲသွားပြီး  အစေခံတစ်ယောက်ကို အဘ အတွက် အနွေးထည်ပေး၍ လွတ်ပေးပါမည်"။      ကင်းသမားအဖိုးအိုသည်  ဘုရင့်ကတိစကား ကြားပြီး အတိုင်းမသိ ဝမ်းသာသွားလေသည်။     ဒါပေမဲ့လဲ ဘုရင်ကြီးသည်  နန်းတွင်းသို့ရောက်ပြီးသည်နှင့်  မိမိကတိစကားကို မေ့သွားလေးသည်။      မနက်လင်းသော်  ကင်းသမားအဖိုးအိုမှာ သေဆုံးနေခဲ့ပြီး  မိမိရဲ့အနားမှာ တုန်ရီနေသောလက်ရေးဖြင့်  ...